ယနေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၃၂၁ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၁ဝ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၃၂၁ ဦးနှင့် သေဆုံး သူ ၂၇ ဦးရှိကြောင်း သိရသည်။

(၉-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲ စစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၄၂၇ ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၉-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၁ဝ-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း  ၂၂၂၄၁ ခုအား  စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်  ၁၃၂၁ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။