တောင်တွင်းကြီးမြို့နယ်၌ အပူဒဏ်ကာကွယ်နိုင်ရန် အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တောင်တွင်းကြီးမြို့နယ်၌ အပူဒဏ်ကာကွယ်နိုင်ရန် အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တောင်တွင်းကြီး  မေ  ၂

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ ယခုရက်ပိုင်းအတွင်း မြင့်တက်လာသည့် အပူရှိန် ကြောင့် အပူဒဏ်ကာကွယ်နိုင်ရန် အပူရှောင်စခန်းများ အမြန်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အပူရှောင်စခန်းဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများ၊ ရွှေအင်းတောင် စေတီတော် မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များပူးပေါင်း၍ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်စောင်းတန်းများတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ စောင်းတန်းအမိုးပေါ်တွင် အပူရှိန်လျှော့ချနိုင်ရန် ပန့်ရေများတပ်ဆင်၍ ရေဖျန်းခြင်း၊ မီးကြိုးများ သွယ်တန်းခြင်း၊ တစ်ဦးချင်း သက်သောင့်သက်သာ နားနေလဲလျောင်းနိုင်ရန်အတွက် ခုတင်များ ညီညာစွာထားရှိခြင်း၊ အပူရှောင်လာရောက်ကြသည့် ဒေသခံပြည်သူများ ထားသိုသိမ်းဆည်းနိုင်ရန် ခုံများထားရှိခြင်း၊ ကျိုးပဲ့သစ်ကိုင်းများခုတ်ခြင်း၊ သွပ်မိုးအပေါက်ငယ်များ ဖာထေးခြင်းနှင့် သွပ်အစားထိုး ပြုပြင်ခြင်းစသည်တို့ကို ဧပြီလ ၂၉ ရက်မှစတင်၍ အပူရှောင်စခန်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)