တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

 

တာချီလိတ်

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် ကျိုင်းတုံခရိုင်၊ တာချီလိတ် ခရိုင်၊ မိုင်းဆတ်ခရိုင်တို့မှ  လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများသည်   လူရည်ချွန်အပန်းဖြေစခန်းများသို့   ဒေသန္တရဗဟုသုတများ သွားရောက်လေ့လာခဲ့ကြရာမှ ယနေ့မွန်းတည့်  ၁၂ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မိဘပြည်သူများက တာချီလိတ်လေဆိပ်သို့  သွားရောက်၍ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်မောင်မယ်များသည် Grade-9 မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြကာ ပုဂံ၊ ချောင်းသာ၊ ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတို့သို့   သွားရောက်လေ့လာခဲ့ပြီး တာချီလိတ်မြို့နယ် လူရည်ချွန်မောင်မယ်များ အတွက် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရပ်စောက်

Description: C:\Users\DSITD-95\Desktop\4-5-2024\4532.jpg

    ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၌ လေ့လာရေး ခရီးစဉ်များမှပြန်လည်ရောက်ရှိလာသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့်  ဘက်စုံထူးချွန်သည့်  ရပ်စောက်မြို့နယ်မှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေ ၃နာရီတွင် ကျင်းပကြောင်း သိရသည်။

    အဆိုပါ   လူရည်ချွန်မောင်မယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  မိဘဆွေမျိုးများက လှိုက်လှဲစွာ  ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းစည်းများဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဘင်ခရာတီးဝိုင်းနှင့် ပန်းဖွားအကအဖွဲ့များက လည်းကောင်း အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း(ရပ်စောက်) ရှေ့မှ မင်းကြီးသုံးပါးဂိတ်အထိ နောက်မှလိုက်ပါကာ မင်းလမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။

 

အိမ်မဲ

Description: C:\Users\DSITD-95\Desktop\4-5-2024\4533.jpg

    ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော အ.ထ.က(၂)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား  ကြိုဆိုဂုဏ်ပြုပွဲကို  ယနေ့နံနက် ၇ နာရီတွင် ကျင်းပသည်။

    အဆိုပါ   လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများမှာ    Grade-9 ၊ Grade-10 နှင့် Grade-12 တို့မှဖြစ်ကြပြီး  ၎င်းင်းတို့ငါးဦးအား  အိမ်မဲမြို့နယ် မြို့အဝင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊   ကျောင်းသား၊ကျောင်းသူများက  ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက်   လူရည်ချွန်များအား အ.ထ.က (၂)ကျောင်းပညာ့ဗိမာန်ခန်းမ၌ ဂုဏ်ပြုပွဲကို နံနက် ၉ နာရီတွင် ကျင်းပရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်  မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းတို့က ဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့သည်။

ထို့နောက်   လူရည်ချွန် ကျောင်းသား၊  ကျောင်းသူများက တောင်ကြီး၊  ပုဂံ၊ ချောင်းသာစသည့် လူရည်ချွန်အပန်းဖြေစခန်းများ၏ အတွေ့အကြုံများကို အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးမှူး ဆရာမကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများက လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား   ဂုဏ်ပြုဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

    အလားတူ   ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့၌၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များအား  ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က ကြိုဆိုဂုဏ်ပြု စကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက်   ပညာခေတ်ကိုယ်ပိုင် အထက်တန်းကျောင်း Grade- 12 မှ  ဘက်စုံထူးချွန် လူရည်ချွန် မထက်ထက်အောင်က လူရည်ချွန်စခန်း အတွေ့အကြုံများကို ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့်  ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။