စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာ ဉေယျဓမ်တောရကျောင်း၏ ဦးစီးပဓာနနာယက မဟာဗောဓိမြိုင် ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိ ဘဝနတ်ထံ ပျံလွန်တော်မူ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာ ဉေယျဓမ်တောရကျောင်း၏ ဦးစီးပဓာနနာယက မဟာဗောဓိမြိုင် ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိ ဘဝနတ်ထံ ပျံလွန်တော်မူ

 

နေပြည်တော်  မေ  ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာ ဉေယျဓမ်တောရကျောင်း၏ ဦးစီးပဓာန နာယက၊ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိ(၈၃ နှစ်၊ ၄၅ ဝါ) သည် ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ၃၀-၄-၂၀၂၄ ရက် (အင်္ဂါနေ့)၊ ၁၃း၁၅ အချိန်တွင် သီတင်းသုံးရာကျောင်း၌ ၉၆ ပါးသောရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ လည်းကောင်း၊ နတ်တလူသာသနာပြုစခန်းမှ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ ကပ္ပိယသာရကများ၏  သဘောဆန္ဒအရလည်းကောင်း  အန္တိမဈာပနကို ၎င်းတို့၏ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် အစိုးရဘက်မှလည်း လိုအပ်သည်များ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။