၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော် မေ ၃

    ပြည်ထောင်စုနယ်မြေ  နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး    အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကုန်ဈေးနှုန်း  တည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအပြင်    ဈေးကွက်အတွင်း လိုအပ်သည့် ထုတ်ကုန်များ အတွက် ပြည်ပမှတင်သွင်းမှုများအစား   ဒေသတွင်းစက်မှု ထုတ်ကုန်များ MSME ထုတ်ကုန်များဖြင့် အစားထိုးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်ပစ္စည်းများကို ဈေးနှုန်း တည်ငြိမ်စေရေးအတွက် လက်တွေ့ကျပြီး  အမှန်တကယ် ထိထိရောက်ရောက် အကျိုးရှိသည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေးအတွက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ညှိနှိုင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက   တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး  လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများကို   နေပြည်တော် အားကစားနှင့်ကာယပညာ ကော်မတီနာယက၊   နေပြည်တော်  ကောင်စီဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများက တံခွန်စိုက်ဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော် ဒက္ခိဏသီရိဈေး၌   နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့်   ဈေးရောင်းပွဲတော်တွင်    နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်းများတွင် ရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။