မော်တော်ကား တည်ဆောက်ရာတွင် ပိုမိုမြန်ဆန်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်သည့် နည်းလမ်းသစ် တစ်မျိုးကို Tesla အသုံးပြု

 

မော်တော်ကား တည်ဆောက်ရာတွင် ပိုမိုမြန်ဆန်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်သည့် နည်းလမ်းသစ် တစ်မျိုးကို Tesla အသုံးပြု

 

    ကမ္ဘာကျော် လျှပ်စစ်ကား ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Tesla ကုမ္ပဏီသည် မော်တော်ကား တည်ဆောက်ရာတွင် ပိုမိုမြန်ဆန်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်သည့် နည်းလမ်းသစ်တစ်မျိုးကို မြှင့်တင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါ နည်းလမ်းသစ်ကို   Tesla  ကုမ္ပဏီက  unboxed   ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်ဟုပေးထားသည်။   အဓိက ရည်ရွယ်ချက်မှာ မော်တော်ကားတစ်စီးတွင် တပ်ဆင်မည့် အစိတ်အပိုင်းများအား စက်ရုံတစ်ရုံ၏ သတ်မှတ်ထားသည့် ဧရိယာများတွင် ထုတ်လုပ်၍ နောက်ဆုံးတွင် တစုတဝေးတည်း တပ်ဆင်ခြင်းပင်ဖြစ်သည်။  ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်  မော်တော်ကား တစ်စီးထုတ်လုပ်မှုအတွက်  ကြာချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

Tesla   ကုမ္ပဏီသည် ယခင်က ၎င်းတို့ထုတ်လုပ်ထားသည့် မော်တော်ကားများ၏ ဝမ်းဗိုက်အစိတ်အပိုင်းကို  အစိတ်အပိုင်းတစ်ခုတည်းအဖြစ် ထုတ်လုပ်ရန် စီစဉ်ထား သော်လည်း   ကမ္ဘာ့ဈေးကွက်အတွင်း ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကြောင့် ယင်းအစီအစဉ်အား လက်ရှိတွင် ဆိုင်းငံ့ထားသည်။ Tesla ကုမ္ပဏီသည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအတွင်းရှိ ဈေးကွက်များ အတွင်း၌ ပြိုင်ဆိုင်မှုများနှင့်  ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

သို့သော် Tesla    ကုမ္ပဏီအနေဖြင့် အနာဂတ်ကာလတွင် တန်ဖိုးနည်းလျှပ်စစ်ကားများ ပိုမိုထုတ်လုပ်မည်ဟု ကတိကဝတ်ပြုထားကြောင်း သိရသည်။