မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများ မျှဝေခြင်း အခမ်းအနား (၄/၂၀၂၄) ကျင်းပ

 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများ မျှဝေခြင်း အခမ်းအနား (၄/၂၀၂၄) ကျင်းပ

 

နေပြည်တော်  မေ  ၃

    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများ မျှဝေခြင်း   (Knowledge Sharing)  အခမ်းအနား (၄/၂၀၂၄) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ   ဦးဇော်မြင့်နိုင်နှင့်    ဒေါက်တာ လင်းအောင်၊    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။  

အခမ်းအနားတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံ၏ E-Gover-nance အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် E-Governance ၏ စာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများ အပေါ် စိန်ခေါ်မှုများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာထမ်း/အမှုထမ်းများ သိရှိနားလည်စေရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ E-Governance ပေါ်ပေါက်လာခြင်းဖြင့် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း စိန်ခေါ်မှုများလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါကြောင်း၊    အဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက်များ   အောင်မြင်နိုင်စေရန် အတွက် ကောင်းမွန်သော မဟာဗျူဟာများနှင့် အလေ့အကျင့်ကောင်းများ ပေါင်းစပ်ကျင့်သုံးသည့် အုပ်ချုပ်မှုစနစ် လိုအပ်ပါကြောင်း၊၊

အိန္ဒိယနိုင်ငံ၏   E-Governance အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် သတင်းအချက်အလက်နှင့် နည်းပညာအပေါ် အခြေခံ၍ စာရင်းစစ်ဆေးနည်းများ ဌာနတွင်း   ထိန်းချုပ်ကွပ်ကဲမှုစနစ်များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်စည်းလိုက်နာမှု စနစ်များ၊ ခေတ်နှင့်လျော်ညီစွာ လိုက်နာကျင့်သုံးလျက်ရှိသည့်  စာရင်းစစ်စံများ၊ ငွေပေးချေမှုစနစ်များ ထားရှိ ဆောင်ရွက်ခြင်းများကို  လေ့လာသိရှိရခြင်းဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် E-Governance  အသွင်ကူးပြောင်းရာတွင်  ဌာနတွင်း  စာရင်းစစ်ကဏ္ဍနှင့် E-Governance   ၏ အခန်းကဏ္ဍတို့အား ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာထမ်းများ   ပိုမိုသိရှိ နားလည်လာစေခြင်းဖြင့်  စွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းများ မွေးထုတ်ရာတွင် များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်  'Audit of E-Governance''ခေါင်းစဉ်နှင့်စပ်လျဉ်း၍ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝေေ၀ဖြိုးက အိန္ဒိယနိုင်ငံ၏ E-Governance ၏  စာရင်းစစ်ဆေးခြင်း နည်းလမ်းများ၊ ၎င်းစနစ်အတွင်း သုံးစွဲလျက်ရှိသော နည်းပညာများ၊ စနစ်များနှင့် လုံခြုံရေးပိုင်းဆိုင်ရာ စီမံဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် E-Government  အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဘဏ်တွင်းစာရင်း စစ်ဆေးရေးဌာနအနေဖြင့် စာရင်းစစ်ဆေးမှုများ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။