မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  မေ  ၄

     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာအနီးတွင် FIELDERအမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမူပြုံးချို(ခ)ပြုံးချိုနှင့်  မနန်းခံဗိုလ်တို့ ၂ ဦးထံမှ ဘိန်းစိမ်း ၇ ဒသမ ၂ ကီလိုကိုလည်းကောင်း၊ အလားတူ မေလ ၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင်  ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ အနီးတွင် ညီညီမြင့်မောင်းနှင်ပြီး သန့်စင်ထွန်း လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊  ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာအနီးတွင် နေဝင်းထွန်း(ခ)ကိုရဲ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။