ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ

 

ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ

ကော့ကရိတ် မေ ၅

ကရင်ပြည်နယ်  ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့်  လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခြင်း၊ လျှပ်စစ်မီးတိုင် နှင့်မီးကြိုးများပျက်စီးဆုံးရှုံးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများမှာ ဘေးလွတ်ရာ ဒေသများသို့  ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက်   မြို့တွင်းသို့ နေ့စဉ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ၎င်းင်းပြည်သူများနေထိုင်မှုနှင့် လျှပ်စစ်မီးများ  အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှဝန်ထမ်းများက   သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ  ရှင်းလင်း သွယ်တန်းခြင်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မေလ ၄ ရက်တွင် ကော့ကရိတ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် အမှတ်(၆)ရပ်ကွက်  နေအိမ်ခြောက်လုံးရှိလက်တူးတွင်းခြောက်တွင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက  Bleaching Powder (Chlorine)ဆေးခတ်ခြင်းနှင့် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လျက်ရှိရာ မေလ ၅ ရက်အထိ အိမ်ထောင်စု ၁၀၈ စု၊ လူဦးရေ ၅၁၂ ဦး  နေထိုင်စားသောက်မှု   အဆင်ပြေစေရေးအတွက်   ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲထုပ် ၁၀ ထုပ် စုစုပေါင်းကာလတန်ဖိုး ၄၃၀၉၂၀၀တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။

ထိုသို့  ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းစီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)