ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အား ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အား ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ  ၅

    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ရောက်ရှိစစ်ဆေးရာ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ယင်းနောက်     ဒုတိယဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ဝင်ငွေပိုမိုရရှိရေး အတွက် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ (၇/၂၀၂၀)၊ (၁/၂၀၂၂)တို့နှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။  

ဆက်လက်၍ ဘာဂီယာဉ်အဟောင်းများကို  Right Out  လုပ်နိုင်ရန်နှင့် အချို့ယာဉ် အဟောင်းများ ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ရန်၊  ပြန်လည်တင်ပြနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး ရေလွှာလျှောစီး ဆောင်ရွက်ထားရှိသည့်နေရာတွင်   ဧည့်သည်တော်များ ဝင်ရောက်ကစားနေသည့် အခြေအနေ၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးနိုင်မည့် မြေနေရာနှင့် ဆိပ်ခံဗောတံတား တည်ဆောက်ထားရှိသည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။