(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် ဆုအသီးသီးရရှိကြသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများ

 

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် ဆုအသီးသီးရရှိကြသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများ

 

(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂  (MICC-II) ၌ ကျင်းပရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် ဆုအသီးသီးရရှိကြသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများကို ရေးသား ဖော်ပြလိုက်ရပါသည်-

တပ်ခွဲမှူး ဦးသိန်းတန်

    အဘကတော့  ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံအရန် မီးသတ်စခန်းရဲ့ စခန်းတာဝန်ခံ တပ်ခွဲမှူး ဦးသိန်းတန်ဖြစ်ပါတယ်။ အခု အဘအသက်က  ၇၅ နှစ်ရှိပါပြီ။ ၁၈ နှစ်သားကတည်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်အဖြစ် တရားဝင်ဖြစ်လာခဲ့တာဆိုတော့ အခုဆိုရင် လုပ်သက်အနှစ် ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ အဘအနေနဲ့ အထူးသဖြင့် အဘစခန်း တာဝန်ခံအဖြစ် ထမ်းဆောင်နေတဲ့  ဒီဥက္ကံ အရန်မီးသတ်စခန်းက အခုလို (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မှာ   မြန်မာနိုင်ငံအတွင်း မီးဘေးလုံခြုံရေး လုပ်ငန်းများအား သက်တမ်းအကြာဆုံး ဆောင်ရွက်ခဲ့တဲ့ အရန်မီးသတ်စခန်းဆုကို ရရှိခဲ့တဲ့အတွက်   ဒီစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သူများအတွက်လည်း   အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ယခုလိုဂုဏ်ပြုဆုချီးမြှင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲများကို  အထူးပင် ကျေးဇူးတင်ပါတယ်။ အဘတို့ရဲ့  ဒီဥက္ကံ အရန်မီးသတ်စခန်းဟာဆိုရင် ၁၉၃၇ ခုနှစ်မှ ယနေ့အချိန်အထိ စခန်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များရဲ့ နိုင်ငံတော်နှင့် မြို့အပေါ်ထားရှိသည့်  မှန်ကန်သည့်  စေတနာ၊ ဝါသနာ၊ အနစ်နာတို့ကို အရင်းခံပြီး  ယနေ့ထိတိုင် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် အခုလို ဂုဏ်ပြုဆုကို ရရှိခြင်းဖြစ်ပါတယ်။

လက်ထောက်မီးသတ်ဦးစီးမှူး(ငြိမ်း)ဦးမျိုးမင်း

Description: C:\Users\DSITD-95\Desktop\6-5-2024\65102.JPG

    ကျွန်တော်ကတော့   လက်ထောက် မီးသတ်ဦးစီးမှူး(ငြိမ်း) ဦးမျိုးမင်း ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင်  စတင်ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အသက် ၆၀ ပြည့်မှာတော့  အငြိမ်းစားပါပါတယ်။

ကျွန်တော် မီးသတ်တပ်ဖွဲ့ထဲ    မဝင်ခင်ကတည်းက  လူမှုရေးလုပ်ငန်းတွေကို ဝါသနာပါတဲ့အတွက် လူမှုရေးအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး  သွေးလှူဒါန်းခဲ့တာတွေ ရှိတယ်။  မီးသတ်တပ်ဖွဲ့ထဲဝင်ပြီးတဲ့အခါမှာလည်း ပိုပြီးလူမှုရေး လုပ်ငန်းလုပ်သင့်တယ်ဆိုတဲ့ အသိနဲ့ တောက်လျှောက် သွေးလှူဒါန်းခဲ့တာပေါ့နော်။ အခုဆိုရင်တော့ သွေးလှူခဲ့တဲ့   အကြိမ်အရေအတွက်ဟာဆိုရင် ၁၂၆ ကြိမ် ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့   မိခင်မီးသတ်တပ်ဖွဲ့ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ သားသမီးတွေကိုရော၊  မြေးတွေရော အပါအဝင် စုစုပေါင်း ကိုးယောက်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထဲမှာ  တာဝန်ထမ်းဆောင် စေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင် လုပ်သက် ၃၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သွေးလှူဒါန်းမှု အကြိမ် ၁၂၆ ကြိမ်ဖြင့် လူမှုထူးချွန် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဆုတံဆိပ်များလည်း ရရှိခဲ့ပါတယ်။ အခုလို  ကျွန်တော့်ကို တခမ်းတနား ကျင်းပတဲ့ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့မှာ   မိခင်မီးသတ်တပ်ဖွဲ့နဲ့ ကိုယ့်ရဲ့မိဘလူကြီးတွေက ဖိတ်ကြားပြီး   ဂုဏ်ပြုဆုချီးမြှင့်ပေးတဲ့အတွက်လည်း   အတိုင်းမသိ ဝမ်းသာမိပါတယ်။

တပ်ကြပ်ကြီး ထွန်းနေဝင်း

Description: C:\Users\DSITD-95\Desktop\6-5-2024\65103.JPG

    ကျွန်တော်ကတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အထူးရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ကြပ်ကြီး   ထွန်းနေဝင်းပဲဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော်ကတော့ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Singapore Global Firefighters & Paramedics Challenge Braveheart  တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲမှာ  တတိယဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်မယှဉ်ပြိုင်ခင်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက  ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေနဲ့   လူရွေးပွဲကို ပါဝင်ယှဉ်ပြိုင်ရာမှာ အရွေးခံရပါတယ်။  လူရွေးပွဲကတော့ အဆင့်သုံးဆင့်ရှိပါတယ်။ ဒီအဆင့်သုံးဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ပြီး  အကောင်းဆုံး စံချိန်ရရှိသူများကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ရွေးပြီးတော့မှ  ကျွန်တော်တို့ကို ဒီစင်ကာပူနိုင်ငံသို့   သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်ခြင်းဖြစ်ပါတယ်။ အခုလို မီးသတ်တပ်ဖွဲ့ဂုဏ်၊   နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အခုလို (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့မှာ     ဂုဏ်ပြုဆုချီးမြှင့်ခံရတဲ့ အတွက် အထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျာ။

ဦးစီးအရာရှိ ဦးဟိန်းလင်းထက်

Description: C:\Users\DSITD-95\Desktop\6-5-2024\65105.JPG

    ကျွန်တော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိ ဦးဟိန်းလင်းထက်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်   ဇန်နဝါရီလ ၁၂ ရက်ည  ၉ နာရီခန့်မှာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  သမိုင်းအုတ်ကျင်း ဘူတာရုံလမ်းရှိ ရတနာဆု  ကုမ္ပဏီပိုင် ရေခဲစက်မှ အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလို  အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်တဲ့အတွက် ဒီပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေဟာဆိုရင်  အသက်ရှူ ခက်ခဲတာတွေ၊ မျက်လုံးတွေ စပ်တာတွေဖြစ်နေတဲ့အချိန်မှာ ကျွန်တော်က   ဒီအခင်းဖြစ်ပွားတဲ့နေရာ၊ ယိုစိမ့်မှုဖြစ်နေတဲ့ ဧရိယာအတွင်းမှာရှိတဲ့ အမိုးနီးယား Tank များမှ Main Valve များအား အချိန်တိုအတွင်းမှာ အမြန်ဆုံး ဝင်ရောက်  ပိတ်နိုင်ခဲ့ပါတယ်။ ထိုသို့အချိန်မီ ပိတ်နိုင်ခဲ့တဲ့အတွက်   အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ခံစားနေရတာတွေကို အချိန်တိုအတွင်းမှာ သက်သာ အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အခုလို စွမ်းဆောင်မှုဆိုင်ရာ   ဆုတံဆိပ်ဖြစ်တဲ့ ရဲသူရိန်တံဆိပ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလိုစွမ်းဆောင်မှုဆိုင်ရာ ဆုတံဆိပ် ရဲသူရိန်တံဆိပ်ကို ချီးမြှင့်ခြင်း ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။

လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်စန္ဒာသိန်း

Description: C:\Users\DSITD-95\Desktop\6-5-2024\65104.JPG

    ကျွန်မကတော့  မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံခရိုင်  အောင်မြေသာစံမြို့နယ်မှာ   တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်စန္ဒာသိန်း ဖြစ်ပါတယ်။ ကျွန်မအနေနဲ့  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်  (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့တဲ့    စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၇) မှာ သင်တန်းသူစံပြဆု ရရှိခဲ့တဲ့အတွက် အခုလိုဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းခံရတာ  ဖြစ်ပါတယ်။

အခုလိုကျွန်မကို (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့မှာ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုငွေကို  ပေးအပ်ချီးမြှင့်ပေးတဲ့ အတွက်   အထူးပဲကျေးဇူးတင်ပါတယ်။ အတိုင်းမသိလည်း   ဝမ်းသာမိပါတယ်ရှင့်။      ။