တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များဖမ်းဆီးရမိ

ရန်ကုန် မေ ၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေးဆောင်ရွက်လျက်ရှိရာ မေလ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှား ဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် အရစ်ပါသံချောင်း (၅၈၅)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၉၉၄၈) ကိုဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိ သည်။

အလားတူမေလ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သည့် မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိ  သည့် အိန္ဒိယနိုင်ငံထုတ် Prestige ပဲပုပ်စေ့ အမှုန့် ကီလိုဂရမ်(၂၅၀၀၀)၊ ကိုရီးယား နိုင်ငံထုတ် Sun Cream နေရောင်ခံ လိမ်းဆေး ဘူး(၆၀၀၀)အပါအဝင် ကုန်ပစ္စည်း (၈)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso Bus (၁)စီး၊ Hino Profia Tractor Head (၁)စီးနှင့်  နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၈၅၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်  အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မိုးညှင်းမြို့နယ်၌ တရားမဝင် အခြားသစ်  (၅ ဒသမ ၆၁၄)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၆၃၅၀၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ယင်းအပြင် မေလ ၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ရွှေညောင်-ရပ်စောက်လမ်း၊ရေပူရွာအနီး၌လားရှိုးမြို့မှတောင်ကြီးမြို့သို့မောင်း နှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်  စာရွက်စာတမ်း အထောက် အထားတင်ပြနိုင် ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်ထုပ်(၇၅၆)ထုပ်၊ အသားတုပြား(အစပ်) အထုပ်(၁၉၈၀၀)၊ ကြက်အူချောင်း(၉၆၁၀)ထုပ်အပါအဝင် ကုန်ပစ္စည်း(၁၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၆၄၀၀၀၀)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၆၄၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၃ ရက်တွင် နေပြည်တော် ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့၌ တရားမဝင်ကျွန်းသစ်(၂ ဒသမ ၉၆၁)တန်နှင့် အခြားသစ် (၄ ဒသမ ၅၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၄၂၂၉)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာရှိ ဥယျာဉ် ဘုန်းကြီးကျောင်းတိုက်အတွင်း၌လိုင်စင်မဲ့ Nissan Fairlady မော်တော်ယာဉ် (၁)စီး၊ Toyota Alphard မော်တော်ယာဉ် (၁)စီး၊ Toyota Hybird မော်တော်ယာဉ်(၁) စီးနှင့် Honda Fit မော်တော်ယာဉ်(၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀၀)ကို  ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ်  ၅၄၀၇ ၄၂၂ ၉) ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေလ  ၃  ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ် အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ သွားရောက် မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထားတင်ပြနိုင် ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင်စားအုန်းဆီ (၂)လီတာပါ ဘူး(၁၀၂၀)အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် Toyota Light Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ မေလ ၄ ရက်တွင် ပဲခူးခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၇၃၉)တန်နှင့် သစ်မာ(၁ ဒသမ ၆၂၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၇၈၀၈) ကိုသစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၆၇၈၀၈)ကို  ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေလ ၂ ရက်၊ ၃ ရက်နှင့်  ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ  အမှုတွဲ (၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၄၁၅၅၅၄၈၉)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှ သိရသည်။