တစ်နာရီကို ၂၄၈ မိုင်နှုန်းနဲ့သွားနိုင်မယ့် အသေခံဒရုန်းကို ပြင်သစ် ထုတ်ဖော်ပြသ

 

တစ်နာရီကို ၂၄၈  မိုင်နှုန်းနဲ့သွားနိုင်မယ့် အသေခံဒရုန်းကို ပြင်သစ် ထုတ်ဖော်ပြသ       

         

      စစ်မြေပြင်မှာ ဒရုန်းတွေကိုအသုံးပြုမှုက တစ်နေ့တခြားတွင်ကျယ် လာတာနဲ့အမျှ  ဒရုန်းနည်းပညာများသည်လည်း မြင့်မား လာလျက် ရှိပါတယ်။

အရင်တုန်းက စစ်ဆင်ရေးမှာ ဒရုန်းတွေ ကို ကင်းထောက်ဖို့အတွက်သာ အသုံးပြုခဲ့ကြပေမယ့် ဒီကနေ့ခေတ်မှာတော့ တိုက်ခိုက်ရေးဒရုန်းများနဲ့ အသေခံဒရုန်းများအထိ အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။

ဒီအချိန်မှာ ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ EOS Technologies ကုမ္ပဏီက သူတို့ရဲ့ အသေခံဒရုန်း အမျိုးအစားအသစ်ကို ထုတ် ဖော်ပြသလိုက်ပါပြီ။

သူတို့ဒရုန်းရဲ့ သာလွန်ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုက တစ်နာရီကို ၂၄၈ မိုင် နှုန်း (တစ်နာရီ ကီလိုမီတာ ၄၀၀ နှုန်း)နဲ့ သွားလာနိုင်တာပါ။

အဲဒီဒရုန်းကို ပြင်သစ်စစ်လက်နက်ပစ္စည်း  ဝယ်ယူရေးဌာနက ဝယ်ယူလိုက်တာဖြစ်ပြီး တာလတ်အတန်းအစား စစ်လက်နက်ပစ္စည်း တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရဆိုရင်  အဲဒီဒရုန်းက ၁၆ မိနစ်အတွင်းမှာ ၃၁ မိုင် အကွာအဝေးအထိ ရောက်ရှိနိုင်တယ်ဆိုတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ လောင်စာဆီကန်မှာပါတဲ့ ဆီပမာဏရဲ့ ထက်ဝက်လောက်ကို ၃၁ မိုင်စာ အတွက် အသုံးပြုလိုက်ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် ပြင်သစ်နိုင်ငံဆိုတာက မောင်းသူမဲ့လေယာဉ် များကို ဦးစားမပေးခဲ့ပါဘူး။ အထူးသဖြင့် အသေခံဒရုန်း အမျိုးအစားပေါ့။

ဒါပေမဲ့ မကြာသေးခင် ကာလကစပြီး သူတို့ ရဲ့ရပ်တည်ချက်ကို ပြောင်းလဲကာ အသေခံ  ဒရုန်းကဏ္ဍမှာ   သူတို့ရဲ့စွမ်းရည်ကို ထုတ်ဖော်ပြသဖို့  ကြိုးပမ်းလာတာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ ပြင်သစ် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဌာနက  မောင်းသူမဲ့ လက်နက်စီမံကိန်းကို  စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

အဲဒီစီမံကိန်းက ၃ မိုင်မှ ၃၁ မိုင်အကွာ အဝေးမှာရှိတဲ့ သံချပ်ကာယာဉ် တစ်စီးကို ဖျက်ဆီးနိုင်စေမယ့်  ဒရုန်းများ ထုတ်လုပ်ဖို့ပါပဲ။

၂၀၂၃ ခုနှစ်အစောပိုင်းမှာ ပြင်သစ်က သူတို့တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ချိန် ကိုလျှော့ချပေးနိုင်စေဖို့ ကိုင်တွယ်အသုံးပြု ရလွယ်ကူတဲ့ မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်စေခဲ့ပါတယ်။

အဲဒီဒရုန်းကို Veloce 330 လို့နာမည် ပေးထားပါတယ်။ သူက ဒေါင်လိုက်အတက် အဆင်းလုပ်နိုင်စေမယ့် VTOL နည်းပညာ ကို အသုံးပြုထားပါတယ်။

သူ့မှာ GPS အပေါ် မှီခိုစရာမလိုတဲ့ စနစ်အပြင် လှိုင်းနှုန်းဖိဖျက်မှုကိုလည်း ခံနိုင်ရည်ရှိစေမယ့် လမ်းညွှန်စနစ်ကို ထည့်သွင်း ပေးထားတယ်လို့ ကုမ္ပဏီကဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီဒရုန်းဟာ ကင်း ထောက်လုပ်ငန်းကို  ကောင်းကောင်းကြီး  လုပ်ဆောင်နိုင်စွမ်း ရှိပြီဖြစ်ကာ နေ့ဘက် မှာဆိုရင် ၉ မိုင်အကွာက ယာဉ်များ၊ ညဘက်  မှာဆိုရင် ၂ မိုင်အကွာက ယာဉ်များကို ကောင်းကောင်းကြီး    မြင်နိုင်စွမ်းရှိပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ဆက်သွားရ မှာက အဲဒီဒရုန်းကို သံချပ်ကာတင့် ဖောက် ထွင်းနိုင်စွမ်း ရှိစေမယ့် အဝေးထိန်းလက်နက်  တစ်ခုအဖြစ်ရောက်ရှိအောင် ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။