​​​​​​​မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

ရန်ကုန် မေ ၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး  ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေ၃ နာရီက တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ဂျိုကူ(ခ)ခွန်သား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ အလားတူပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ အားမို၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀၀ ကိုလည်းကောင်း၊ ဘိန်းဖြူ သုည  ဒသမ ၀၆ ကီလိုကိုလည်းကောင်း၊ ထို့ပြင်  ပူးပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ မထက်ထက်ဖြိုးလင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းင်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။