တောင်ကိုရီးယားနှင့် ပူးတွဲတိုက်လေယာဉ်စီမံကိန်းအတွက် ကုန်ကျစရိတ်ကို သုံးပုံတစ်ပုံသာပေးမည်ဟု အင်ဒိုနီးရှား ကမ်းလှမ်း

 

တောင်ကိုရီးယားနှင့် ပူးတွဲတိုက်လေယာဉ်စီမံကိန်းအတွက် ကုန်ကျစရိတ်ကို သုံးပုံတစ်ပုံသာပေးမည်ဟု အင်ဒိုနီးရှား ကမ်းလှမ်း

အင်ဒိုနီးရှားနိုင်ငံက တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲအကောင်အထည်ဖော်နေသည့် တိုက်လေယာဉ် စီမံကိန်းအတွက် ကုန်ကျစရိတ်ကို မူလသတ်မှတ်ပမာဏအနက် သုံးပုံတစ်ပုံသာ ပေးနိုင်တော့မည်ဟု ကမ်းလှမ်းလာကြောင်း  တောင်ကိုရီးယားဘက်က ထုတ်ပြန်လာသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ကိုရီးယားဝမ် ၈ ဒသမ ၁ ထရီလီယံတန်ဖိုးရှိသည့် အဆင့်မြင့်အသံ  နှုန်းလွန်တိုက်လေယာဉ်စီမံကိန်းကို ၂၀၁၅  ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့်  မူလက အဆိုပါကုန်ကျစရိတ်အနက် ၂၀ ရာခိုင်နှုန်းကိုပေးသွားမည်ဟု သဘောတူထားခြင်းဖြစ်သည်။

ထို့ပြင် လေယာဉ်ရှေ့ပြေးပုံစံနှင့်နည်း ပညာလွှဲပြောင်းမှုများပြီးသည့်အပြင် အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ် ၄၈ စင်းထုတ်လုပ် နိုင်ပြီးနောက် ပေးချေရမည့်ငွေများအားလုံး ကိုပေးသွားမည်ဟု သဘောတူထားသည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံသည် ပေးချေရမည့်ငွေများအနက် ကိုရီးယားဝမ် ဘီလီယံ ၃၀၀ ကိုသာပေးချေရသေးပြီး ကျန်ငွေများကိုလည်း အချိန်မီပေးချေနိုင်ခြင်း မရှိသေးပေ။

ယခုအခါ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ဆောင် နေပြီဖြစ်ကြောင်းနှင့်  တောင်ကိုရီးယားအစိုးရက အင်ဒိုနီးရှား၏ တောင်းဆိုမှုကို လက်ခံခြင်းရှိ၊ မရှိမဆုံး ဖြတ်ရသေးကြောင်း သိရသည်။            

                     Ref: Yonhap