လားရှိုးနှင့်ဖြူးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

လားရှိုးနှင့်ဖြူးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၆

 

 ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၄ ရက် နံနက် ၈ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၉)၊ စစ်တောင်းလမ်းရှိ လနူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်<ကရူးသွပ်ဆေးပြား ၃၀၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလိုနှင့် မြန်မာငွေကျပ် ၁၁ ဒသမ ၃ သိန်းကိုလည်းကောင်း၊  ထိုနေ့နံနက် ၁၀ နာရီတွင်  လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ(၁)၊ ပင်လုံလမ်းရှိ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ လှဝင်း(ခ)လီကွမ်းရောင်ကို စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water ၇ ဒသမ ၁ ကီလို၊ ကက်တမင်း ၄ ဒသမ ၃၂ ကီလို၊ အက်တစီဆေး ၁၂ ပြား၊ Happy-5 ဆေးပြား ၁၅၄၀ နှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာရှိ ဖန်ယူချွန်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၀၈၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ နှင့် မြန်မာငွေကျပ် ၂ ဒသမ ၅ သိန်းကိုလည်းကောင်း။ 

မေလ ၅ ရက် ညနေ ၃ နာရီတွင် ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာအနီးတွင်  မင်းသန့်မွန်(ခ)အရှည်ကြီးမောင်းနှင်လာသည့် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား    စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။  

 (ရဲပြန်ကြား)