ပီအက်စ်ဗွီအသင်းက စပါတာရော့တာဒမ်အသင်းကိုအနိုင်ရရှိပြီးနောက် ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိ

 

ပီအက်စ်ဗွီအသင်းက စပါတာရော့တာဒမ်အသင်းကိုအနိုင်ရရှိပြီးနောက် ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိ

နယ်သာလန်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၂) အဖြစ်ကစားသည့်  ပီအက်စ်ဗွီအသင်းနှင့်   စပါတာရော့တာဒမ် အသင်းတို့ပွဲစဉ်တွင်  ပီအက်စ်ဗွီအသင်းက  ၄ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲ အလိုတွင် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

နယ်သာလန်လိဂ်ပြိုင်ပွဲတွင် အေဂျက်ဇ်အသင်းပြီးလျှင် ဒုတိယမြောက်အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည့်  ပီအက်စ်ဗွီအသင်းသည်   ယခုဘောလုံးရာသီတွင် နည်းပြပီတာဘော့ဇ်လက်အောက်၌ ပုံစံကောင်းများ ပြသနိုင်ပြီး ၃၂ ပွဲကစားပြီးချိန်တွင် ၂၈ ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၈၇ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နယ်သာလန်လိဂ်ပြိုင်ပွဲ၌ ပီအက်စ်ဗွီအသင်းသည် ၃၂ ပွဲကစားပြီးချိန်တွင် အမှတ်ပေးဇယားအဆင့်(၂) နေရာမှ   ဖီယင်နုအသင်းကို ရမှတ် ၁၂ မှတ်အထိဖြတ်တောက်ထားနိုင်သည့်အတွက်   လက်ကျန်နှစ်ပွဲဖြစ်သော ဖော်ကျူနာအသင်း၊  အာကေစီအသင်းတို့နှင့် ပွဲစဉ်များ ကစားရန်ကျန်နေသော်လည်း ချန်ပီယံဆုရရှိပြီးဖြစ်သည်။

ပီအက်စ်ဗွီအသင်းသည် နယ်သာလန်လိဂ်ပြိုင်ပွဲ တွင် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ချန်ပီယံဆု ဆွတ်ခူးနိုင်ပြီးနောက် ယခုဘောလုံးရာသီမှသာ ချန်ပီယံဆုပြန်လည် ဆွတ်ခူးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref;Fotmob.com