ဘင်ဖီကာအသင်း၏ပြိုင်ပွဲစုံ ၄  ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လေဗာကူဆင်အသင်းလိုက်မီပြီး ဂျာမန်ဘွန်ဒက်စ်လီဂါ ရွှေဖလားဆွတ်ခူးနိုင်ရန်နီးစပ်နေ

 

ဘင်ဖီကာအသင်း၏ပြိုင်ပွဲစုံ ၄  ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လေဗာကူဆင်အသင်းလိုက်မီပြီး ဂျာမန်ဘွန်ဒက်စ်လီဂါ ရွှေဖလားဆွတ်ခူးနိုင်ရန်နီးစပ်နေ

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၂)အဖြစ်ကစားသည့် ဖရန့်ဖက်အသင်းနှင့် လေဗာကူဆင်အသင်းတို့ပွဲစဉ် တွင် လေဗာကူဆင်အသင်းက ၅ ဂိုး- ၁ ဂိုးဖြင့်အနိုင် ရရှိပြီးနောက် ဥရောပတွင် ပေါ်တူဂီထိပ်သီး ဘင်ဖီ ကာအသင်း၏ ပြိုင်ပွဲစုံ ၄၈ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီနိုင်ခဲ့ပြီး  ဂျာမန်ဘွန်ဒက်စ်လီဂါ  ရွှေဖလားဆွတ်ခူးနိုင်ရန် နီးစပ်နေကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီတွင် နည်းပြအလွန်ဆိုလက်အောက်၌ ရလဒ်ကောင်း များဆက်တိုက်ရယူနိုင်ပြီး   ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံဆုဖလားဆွတ်ခူးနိုင် သကဲ့သို့ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ၃၂ ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးဘဲ ၂၆ ပွဲအနိုင်ရရှိကာ ခြောက်ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ရမှတ် ၈၄ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေကာ  ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄၈ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။ ထို့ပြင် ဘင်ဖီကာအသင်း  ကာလရှည်စံချိန်တင်ထားသည့် ဥရောပတွင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိပွဲအများဆုံးစံချိန်ကို လိုက်မီနိုင်ကာ နောက်ထပ်တစ်ပွဲကို ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ပါက ဥရောပတွင် ပြိုင်ပွဲစုံ ၄၉ ပွဲဆက်ရှုံးပွဲမရှိအောင ်စွမ်းဆောင်နိုင်သည့် ပထမဆုံး ကလပ်အသင်းဖြစ်လာမည်ဖြစ်သည်။

လေဗာကူဆင်အသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် လက်ကျန်ပွဲစဉ်များအဖြစ် ဘိုချမ်အသင်း၊ အော့စ်ဘတ်အသင်းတို့နှင့်သာ ကစားရန်ကျန်ရှိတော့သည့်အတွက် တစ်ရာသီလုံး ရှုံးပွဲမရှိသေးဘဲ ရွှေဖလား ဆွတ်ခူးနိုင်ရန် နီးစပ်လျက်ရှိသည်။

အလားတူ လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများ ဆက်တိုက်ရယူနိုင်ပြီး ရှုံးပွဲမရှိသေးဘဲ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ထားကာ ဗိုလ်လုပွဲသို့ တက်ရောက်ရန်နီးစပ်နေပြီး ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်ထားကြောင်း သိရသည်။

Ref;B/R Football