ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်   မေ  ၇

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်  အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  သင်္ဃန်းကျွန်းမြို့နယ်   သုဝဏ္ဏရှိ အမျိုးသားအားကစားရုံ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ   ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကာ အားကစားပစ္စည်း လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဖူဆယ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ခရိုင်အုပ်ချုပ် ရေးမှူးများ၊  ဖူဆယ်ဘောလုံးဝါသနာရှင်များက ပထမနေ့ပြိုင်ပွဲဖြစ်သည့် ကမာရွတ်ခရိုင်အသင်းနှင့် ဒဂုံမြို့သစ်ခရိုင် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းပြိုင်ပွဲတွင် အသင်း ၁၄ သင်းပါဝင်ပြီး အုပ်စုခွဲကာ အမျိုးသားပြိုင်ပွဲအား ဒဂုံမြို့သစ်(တောင်ပိုင်း)  ဖူဆယ်အားကစားကွင်း၌ လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲအား တာမွေမြို့နယ် ကျိုက္ကဆံဖူဆယ် အားကစားကွင်း၌လည်းကောင်း  မေလ  ၁၃ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သိရသည်။

ယခုပြိုင်ပွဲမှ အကောင်းဆုံး အားကစားသမားများအား ရွေးချယ်၍ နေပြည်တော်တွင် ဇူလိုင်လ ၁၇ ရက်မှ ၂၄ ရက်ထိကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး   ကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။                         

  ဝန်းရံခ