အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မှီခိုသူ ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

 

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မှီခိုသူ ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

 

နေပြည်တော်၊ ၂၀၂၄ မေ - ၈

      မှီခိုသူ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလ များတွင်  အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ တပ်မတော်သား မိသားစုဝင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်းကို  ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

     ထိုသို့ ဖွင့်လှစ်လျက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ယဉ်ကျေးလိမ္မာသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ ၃၈ ဖြာ မင်္ဂလာတရားတော် နှင့် ကဗျာများ သီဆိုသရုပ်ပြနေမှုများကို ကြည့်ရှုအားပေးကြသည်။ ၎င်းနောက် တိုင်းမှူး က ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။