ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၆ သိန်းဖမ်းဆီးရမိ

 

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၆ သိန်းဖမ်းဆီးရမိ

နေပြည်တော်   မေ  ၁၅

 

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၆ သိန်း  ဖမ်းဆီးရမိခဲ့ကြောင်း   သိရသည်။

ဖြစ်စဉ်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် မေလ ၁၃ ရက် ၉ နာရီ ၁၅ မိနစ်တွင်  ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအုပ်စု  ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့်   TOYOTA   PROBOX အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ   ယာဉ်ပေါ်ပါခရီးသည် စိုင်းလှဝင်း(ခ) လှဝင်း သယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် စိုင်းလှဝင်း(ခ)လှဝင်း ၄၂ နှစ်အား    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။