တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၇

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၁၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော  အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဖြစ်သည့် တရုတ်နိုင်ငံထုတ် ကျင်းထုံခြင်ဆေးခွေဘူး (၁၅၀၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၁၅ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ပဲခူးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၂)စီး၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး၊ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၂)စီးတို့ပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ၁၀၈ အဝတ်လျှော် ဆပ်ပြာမှုန့်ထုပ် (၁၂၀) ၊ Honda Wave မော်တော်ဆိုင်ကယ်(၄)စီး၊ ပုဇွန်နှစ်ကောင်စားဆီ (၅)လီတာပါ ဘူး (၁၂၀) ၊ Alpha 110 မော်တော်ဆိုင်ကယ်(၆)စီး၊ O-Buster Oxygen Absorber (၁၉၂၀)အိတ်၊ Lipovitan-D အားဖြည့်အချိုရည်ပုလင်း (၁၂၅၀၀)၊ TV မျိုးစုံ (အဟောင်း)(၄၂)လုံး၊ AQUA  အင်ဂျင်ဝိုင် (၁၄၄)ဘူး၊ Bingo Star ကြောင်စာ (၄၈၀)ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း (၂၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၁၅၉၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၂)စီး၊ Nissan Caravan (၁)စီး၊ Yutong Bus (၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၆၁၅၉၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေလ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌    ကုန်သေတ္တာ(၆)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကလေးစာရေးစားပွဲ(အသေး)လုံး (၄၄၄၀) နှင့် BLUE အမျိုးသမီးလစဉ်သုံးပစ္စည်း (၁၅၅၀၉) ကီလိုဂရမ်၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၇၆၀၇၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ DENKO ဆီဆိုင်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ယောကျ်ားလေးဝတ် တီရှပ်အင်္ကျီထည် (၄၀၀) ၊ ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်း Essential Toner ဘူး (၁၀၀၀၀)၊ Worm Wood Peeling Gel (၈၁၀)ဘူးနှင့် Worm Wood Cleansing Foam (၇၉၉)ဘူး၊ တရုတ်နိုင်ငံထုတ်ကား အပိုပစ္စည်း Car Windscreen Glass Sheet (၆၁၀)ခုအပါအဝင် ကုန်ပစ္စည်း(၁၉)မျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၁၉၀၀၀၀)နှင့်    အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၈၃၈)တန်၊ သစ်မာ (၁ ဒသမ ၉၅၁)တန်နှင့်    အခြားသစ် (၁ ဒသမ ၉၉၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆၂၅၅၇)ကို   သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၃၅၂၅၅၇)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာဇုန်(၃)၊ ဦးဖိုးလှိုင်လမ်း၊ ရေအုတ်ကန်ရပ်ကွက်၊ အမှတ်(၂၆/၂၇)၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်   စာရေးကိရိယာပစ္စည်း Pencil Case ကီလိုဂရမ် (၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ တရားမဝင်ကျွန်းသစ် (သုညဒသမ ၇၀၁)တန်၊ အခြားသစ် (၁ ဒသမ ၅၃၈)တန်    စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၂၀၃၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မေလ ၁၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၇၀၄၃၁၁)ဖြစ်ကြောင်း         တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။