ပင်လုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သြဂုတ် ၁၂ ရက် ည ၈ နာရီခန့်တွင် ပင်လုံမြို့၏မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ပင်လုံ-လဲချားသွားကားလမ်း၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို စစ်ဆေးစဉ်   လဲချားမြို့ဘက်မှပင်လုံမြို့ဘက်သို့ ရာဇာ(ဘ)ဦးဝင်းလှ မောင်းနှင်ပြီး ၎င်း၏ဇနီးဖြစ်သူ မစန္ဒာအေး(ဘ)ဦးထွန်းအေး လိုက်ပါလာသည့် ADIXIN အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် ကျော်စိုးမိုးအောင် (ဘ)ဦးမောင်သောင်း မောင်းနှင်လာသည့် WAVE-125  အမျိုးအစား  လိုင်စင်မဲ့

မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရာ မစန္ဒာအေး၏ လက်ဆွဲအိတ်အတွင်းမှ WY စာတန်းနှင့် 999  စာတန်းပါလိမ္မော် ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈ သိန်းခန့်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊   မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူများအား  ပင်လုံနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။