မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  မေ  ၁၈ 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၇ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အနီးတွင် မန္တလေးမြို့မှ အင်းတော်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၄ ဒသမ ၈ ကီလိုကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ပုသိမ်ကလေး ကျေးရွာအနီးတွင် စောထွန်းအောင်(ခ) ကံကောင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား  ၆၀၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ကြွ ရူးသွပ်ဆေးပြားများ ရောင်းချပေးသူများဖြစ်သည့် မခင်မာစီး(ခ)အမီနာအား  ညနေ ၃ နာရီတွင် ပုသိမ်ကြီးမြို့နယ်    တောင်မြင့်ကျေးရွာရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ည ၆ နာရီတွင် မမိုးသူအား ချမ်းမြသာစည်မြို့နယ် သိုးခြံရပ်ကွက်    ၆၀(B)လမ်း ၁၁၂ _ ၁၁၂(a) လမ်းကြားရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား  ၄၁၈၀  ကိုလည်း ကောင်း၊  ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ တွင် ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ ကံကြီးရပ်ကွက် (၄)မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် ကျော်မြင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအရေး ယူထားကြောင်း သတင်းရရှိသည်။