ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်တရွတ်ဆွဲ ငါးဖမ်းလှေများ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် သြဂုတ် ၁၂ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ကျွန်းလှတောင်၏ အရှေ့တောင်ဘက် ရေမိုင် ၂ ဒသမ ၈ မိုင်နှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌  အလျား ၃၈ ပေ၊ အနံ ၈ ပေ၊ ရေစူး ၂ ပေခန့်ရှိ တရားမဝင် တရွတ်ဆွဲငါးဖမ်းလှေတစ်စင်း ပေါ်မှ ဦးကျော်ရဲအောင်(ဘ)ဦးမောင်ဆန်း အပါအဝင်   အမျိုးသားသုံးဦးကိုလည်း ကောင်း၊ အလျား ၄၁ ဒသမ ၅ ပေ၊ အနံ ၇ ဒသမ ၃ ပေ၊ ရေစူး ၂ ပေခန့်ရှိ ငါးဖမ်း လှေပေါ်မှ ဦးဇော်ဦး(ဘ)ဦးရှိန်လင်း အပါ အဝင် အမျိုးသားသုံးဦးကို လည်းကောင်း၊ အလျား ၄၈ ပေ၊ အနံ ၈ ပေ၊ ရေစူး ၃ ပေခန့်ရှိ ငါးဖမ်းလှေပေါ်မှ ဦးနိုင်စိုး(ဘ) ဦးသီးလှိုင် အပါအဝင် အမျိုးသားသုံးဦးကို လည်းကောင်း    အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ  တရားမဝင်တရွတ်ဆွဲ ငါးဖမ်းလှေများနှင့်အတူ ဖမ်းဆီးရမိသူများအား  ပုလောမြို့ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ် တကျလွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။