M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲတွင် Pyae Sone FC အသင်းကိုအနိုင်ရရှိပြီး MB United အသင်းချန်ပီယံဆုဆွတ်ခူး

M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲတွင် Pyae Sone FC အသင်းကိုအနိုင်ရရှိပြီး MB United အသင်းချန်ပီယံဆုဆွတ်ခူး

မန္တလေး  မေ  ၂၁

မန္တလေးတိုင်းဒေသကြီး ဖူဆယ်ဘောလုံးဆပ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲစဉ်တို့ကို မေလ ၂၀ ရက် နံနက်ပိုင်းက မန္တလေးမြို့ Min Khant Myanmar Sports Complex တွင်ကျင်းပခဲ့ရာ Pyae Sone FC အသင်းကို အနိုင်ရရှိပြီး MB United အသင်းက ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲတွင် Pyae Sone FC အသင်းက Linn Latt FC အသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သကဲ့သို့ MB United အသင်းကလည်း Sun Shine FC အသင်းကိုအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲတွင် တတိယလုပွဲအဖြစ် မေလ ၂၀ရက် နံနက် ၉ နာရီတွင် Sun Shine FC အသင်းနှင့် Linn Latt FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ Sun Shine FC အသင်းက Linn Latt FC အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တတိယဆု ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ဗိုလ်လုပွဲစဉ်အဖြစ် နံနက် ၁၁ နာရီက Pyae Sone FC အသင်းနှင့် MB United  အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ MB United အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကာ MB United  အသင်းအတွက် သွင်းဂိုးများကို ခန့်တီမင်းထွေးနှင့် နိုင်လင်းထွန်းတို့က သွင်းယူပေးနိုင်ခဲ့ပြီး Pyae Sone FC အသင်းအတွက် သွင်းဂိုးများကို ကျော်ဇင်သက်နှင့် အောင်သန်းဦး တို့က သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။        

စည်သူအောင်