၂၀၂၄ ခုနှစ် မေလ(တတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

၂၀၂၄ ခုနှစ် မေလ(တတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

နေပြည်တော်   မေ  ၂၁

ဘင်္ဂလားပင်လယ်အော်အခြေအနေ

အနောက်တောင်မုတ်သုံလေသည် မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ သို့လည်းကောင်း၊ မေလ ၂၆ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ သို့လည်း ကောင်း အသီးသီးဝင်ရောက်နိုင်သည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်   လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။   ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။  

မိုးရွာသွန်းနိုင်မှုအခြေအနေ

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊  ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်  မိုးထစ်ချုန်းရွာနိုင်သည်။

အမြင့်ဆုံးအပူချိန်အခြေအနေ

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၇၇ ဒီဂရီဖာရင်ဟိုက်မှ ၈၇ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၈၈ ဒီဂရီဖာရင်ဟိုက်မှ ၉၈ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၉၉ ဒီဂရီဖာရင် ဟိုက်မှ ၁၀၉ ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်သည်။ 

အနိမ့်ဆုံးအပူချိန်အခြေအနေ

ချင်းပြည်နယ်တွင် ၄၉ ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၆၅ ဒီဂရီ ဖာရင်ဟိုက်မှ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇၆ ဒီဂရီဖာရင်ဟိုက်မှ ၈၆ ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်သည်။

လေထုစိုထိုင်းဆအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၅၀ ရာခိုင်နှုန်းမှ ၆၁ ရာခိုင်နှုန်းအတွင်း၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆၂ ရာခိုင်နှုန်းမှ ၇၃ ရာခိုင်နှုန်းအတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၇၄ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအတွင်း အသီးသီး ရှိနိုင်သည်။ 

ပင်ငွေ့ရေငွေ့ပြန်နှုန်းအခြေအနေ

တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် ၄၀ မီလီမီတာမှ ၅၁ မီလီမီတာအတွင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၅၂ မီလီမီတာမှ ၆၃ မီလီမီတာအတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တို့တွင် ၆၄ မီလီမီတာမှ ၇၅ မီလီမီတာအတွင်း အသီးသီးရှိနိုင်သည်။

မြေဆီလွှာအောင်းရေအခြေအနေ

ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် (စိုစွတ်) အခြေအနေနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိနိုင်သည်။

(မိုး/ဇလ)