ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လူသစ်တန်း၊သက်ငယ်တန်း ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လူသစ်တန်း၊သက်ငယ်တန်း ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲကျင်းပ

ရန်ကုန် မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလားလူသစ်တန်း၊ သက်ငယ်တန်းဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကာ အားကစားပစ္စည်းများပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ပထမနေ့အမျိုးသား၊ အမျိုးသမီးကီလိုတန်းအလိုက် ရှုံးထွက်ပွဲနှင့် ပတ်လည်ပြိုင်ပွဲ များကို ကြည့်ရှုအားပေးကြသည်။  အဆိုပါ လူသစ်တန်း၊ သက်ငယ် တန်း  ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲ တွင် အသင်း ၁၁ သင်းပါဝင်ပြီးအားကစားသမား၂၀၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပွဲစဉ်ပေါင်း ၅၀၀ ကျော် ကို မေလ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲမှအကောင်းဆုံး အားကစား သမားများကို   ရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်မှ ၇ ရက်အထိကျင်းပမည့် ပြည်နယ်နှင့်  တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ