ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေသည့် စင်ကာပူ၌ ရောဂါစစ်တံဝယ်လိုအားမြင့်တက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေသည့် စင်ကာပူ၌ ရောဂါစစ်တံဝယ်လိုအားမြင့်တက်

စင်ကာပူ၊ ကျန်းမာရေး

စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေစဉ် ထိုရောဂါကိုစစ်ဆေးသည့် ရောဂါစစ်တံ ဝယ်လိုအား မြင့်တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆိုပါရောဂါစစ်တံဝယ်ယူမှုပမာဏသည် ၁၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းနှင့် အချို့ဆိုင်များတွင် ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ရကြောင်း လက်ကား အရောင်းဆိုင်တစ်ခုက ပြောသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါစစ်တံများသာမက နှာခေါင်းစည်းများလည်း ဝယ်လိုအားမြင့်တက် လာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

စင်ကာပူနိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဦးရေ နှစ်ဆမြင့်တက် လာသည်ကို တွေ့ရသည်။

ယခင်သီတင်းပတ်က တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက် ၁၈၀ ဝန်းကျင်သာရှိရာမှ ယခု သီတင်းပတ်တွင် ၂၅၀ ဝန်းကျင်အထိ ရောက်လာသည်။

လက်ရှိပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ KP.1 နှင့် KP.2 တို့ဖြစ်ပြီး လက်ရှိကာကွယ် ဆေးများက ထိုရောဂါမျိုးကွဲများကို တားမြစ်နိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ လေ့လာမှုများ လုပ်ဆောင် နေဆဲဖြစ်သည်။

သို့သော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ ရောဂါ ကူးစက်ခံရသည့်တိုင် ရောဂါကိုပြင်းထန်စွာခံစားရမည် မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Ref: CA