လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ - ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီး ကျောင်းရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုန်း တော်ကြီးကျောင်း၌ ပြုလုပ်ရာ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် မြို့နယ်သံဃာနာယကဉက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မေဇောတိကဓဇ ၊ အဂ္ဂမဟာ ကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့်တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီးကျောင်း ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များ နာကြား ကာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ဆန် ၃၁၇ အိတ်၊ ဆီ ၉၅ ပိဿာ၊ ပဲ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။