၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး  မေ  ၂၂

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၁ ရက် နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က သင်တန်းဆင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားနည်းအလိုက် နည်းပြဆရာ၊ ဆရာမ ၂၆ ဦး အတွက် ဂုဏ်ပြုငွေကျပ် ၂၆ သိန်း၊ ဘောလုံး၊ Fitness Dance နှင့် ကရာတေးဒို အားကစား နည်းသုံးနည်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောနှင့် မြန်မာ့သိုင်း အားကစားနည်း သုံးနည်းမှ သင်တန်းသား၊ သင်တန်းသူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက တင်းနစ်နှင့် ကြက်တောင်အားကစားနည်းနှစ်နည်းမှ သင်တန်းသား၊  သင်တန်းသူများအားလည်းကောင်း သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြန်မာ့သိုင်း၊ ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကက်ဘောနှင့် Fitness Dance စသည့် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြသ ကစားကြရာ ပဲခူးတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ထောက်ပံ့ပေး အပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး   လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးနွေရာသီ အဆင့်မြင့်   အားကစားသင်တန်းအား ဧပြီလ ၂၂ ရက်မှ မေလ ၂၁ ရက်အထိ ဘောလုံး၊ Fitness Dance၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် စသည့် အားကစားနည်းရှစ်မျိုးအား ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး အားကစားနည်းအလိုက် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၄၁၂ ဦး တက် ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။     

  (၄၀၁)၊ တင်စိုး(ပဲခူး)