မိတ္ထီလာနှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မိတ္ထီလာနှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  မေ  ၂၂

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၁ ရက် ညနေ ၅ နာရီခွဲတွင် မိတ္ထီလာမြို့ ထီလာဦးရပ်ကွက် မိတ္ထီလာ-သာစည်သွားကားလမ်းတွင် ယောမင်းဦး(ခ)ပူစီ မောင်းနှင်ပြီး အုပ်စိုးကျော် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊ ညနေ ၅ နာရီ ၄၅ မိနစ်တွင်  မိတ္ထီလာမြို့ မဟာစည်တိုးချဲ့ရပ်ကွက်ရှိ ယောမင်းဦး(ခ)ပူစီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၀၀၀၊ ဆေးခြောက် ၂ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် စိုင်းနွန်ဒါး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း  သိရသည်။   

(ရဲပြန်ကြား)