တာချီလိတ်မြို့အတွင်း ငွေကျပ်သိန်းပေါင်း ၉ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိ

နေပြည်တော်  သြဂုတ်  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့် တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေကမ္ဘာကားပြင်ဆိုင်ရှေ့၌ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တာချီလိတ်မြို့အတွင်းမှ မောင်းနှင်လာသော Fontuner အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 1L/---- လိုင်စင်မဲ့ မော်တော်ယာဉ်ကို စစ်ဆေးရန် တားမြစ်စဉ် ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ပြီး ကားပေါ်မှဆင်း၍ လမ်းကြားအတွင်းထွက် ပြေးသွားခဲ့သည်။ အဆိုပါယာဉ်အား ရှာဖွေ စစ်ဆေးခဲ့ရာ မော်တော်ယာဉ် နောက်ခန်းအတွင်းရှိ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ အိုက်စ် ၃၇၅ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော်)အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား  တာချီလိတ် မူးယစ်တပ်ဖွဲ့စုသို့   စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။