ပြင်ဦးလွင်နှင့် ပင်လောင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ပြင်ဦးလွင်နှင့် ပင်လောင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  မေ  ၂၃

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၁ ရက် ည ၆ နာရီတွင် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအုပ်စု ဝက်ဝံကျေးရွာအနီးတွင် ဇော်မျိုးအောင်(ခ)ဖိုးဇော် မောင်းနှင်ပြီး မထားထားနွယ်(ခ)မထားနှင့် မစန်းနွယ်(ခ)မပွားတို့လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့  ည  ၆ နာရီတွင် ပူးပေါင်းအဖွဲ့သည်   ပင်လောင်းမြို့နယ် ပင်လောင်း ကျေးရွာအုပ်စု လွယ်ပြားကျေးရွာအနီးတွင် ဆန်းဝင်း မောင်းနှင်ပြီး သီဟစိုးလို က်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား   ၁၈၀၀၀   ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။    

(သတင်းစဉ်)