တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ရှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

 

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ရှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်း    ဟူပေးပြည်နယ်တွင်  ဓားဖြင့်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူရှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် ရှောင်ကန်းမြို့ ရှောင်ဝူမြို့နယ်၌ မေလ ၂၃ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်သူမှာ အသက် ၅၃ နှစ်အရွယ် လူအမည်ရှိ အမျိုးသားကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။   လူသည် စိတ်ရောဂါဝေဒနာ ခံစားနေသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ၎င်းအား ရဲတပ်ဖွဲ့က ထိန်းသိမ်း ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သူမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က  ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်   ပြည်သူများအား လက်နက်များကိုင်ဆောင်ခွင့်မပြုထားသောကြောင့် လူများအစုလိုက် တိုက်ခိုက် ခံရခြင်းသည် ဖြစ်ခဲလှသော်လည်း မကြာမီနှစ်များအတွင်း နိုင်ငံအတွင်း၌ ဓားဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ယခုလအတွင်းကလည်း      နိုင်ငံအနောက်မြောက်ပိုင်း ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင်  လူတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့်  လူနှစ်ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိသွားကြောင်း        သိရသည်။

Ref: Xinhua, NDTV