မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာရှိ နေအိမ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာရှိ နေအိမ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၂၅

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာရှိ နေအိမ်များအား မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပက်သက်၍ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန် ရှိသူတစ်ဦး၏ပြောကြားချက်အရ ပုသိမ်-မုံရွာသွားကားလမ်းနှင့် ကုန်းခြားကျေးရွာ သွားကားလမ်းဆုံရာ လမ်းဆုံအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ အကြမ်းဖက်နှိပ်စက် ငွေတောင်းခံခြင်းများ လုပ်ဆောင်ရန်ရောက်ရှိနေကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိ ပြည်သူတစ်ဦး၏သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍နယ်မြေ လုံခြုံရေးဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ပြီး ဒေသခံပြည်သူများထံမှ လုယက်ယူဆောင်ထားသည့် အစားအသောက် ရိက္ခာများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကားလမ်းအနီးဝန်းကျင်ရှိ ကျေးရွာ များ၌ မီးလောင်ကျွမ်းမှု မရှိကြောင်းသိရှိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပြည်သူများအပေါ် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်မှုမရှိစေရန်နှင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးတာဝန်များ ဆောင်ရွက် ပေးနေမှုအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် ပြည်ဖျက် မီဒီယာများမှ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။