နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

ဒေသ၏ အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လို

နေပြည်တော်၊ မေ - ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသလိုအပ်ချက်များအား အသီးသီးတင်ပြ

ဦးစွာ ချောက်ခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ မှုအခြေအနေ များ၊ နွေရာသီကာလတွင် အပူရှောင်နိုင်ရေးအတွက် အပူရှောင်စခန်းများ ဆောင်ရွက် ထားရှိမှုနှင့် ထပ်မံတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ မြို့မိမြို့ဖများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအား ဖြည့်ဆည်းပေးစေလို မှု၊ အပူဒဏ်ကိုပြင်းထန်စွာခံစားရသည့်ဒေသဖြစ်သဖြင့် သစ်ပင်သစ်တောစိုက်ပျိုးခြင်း များကိုအောင်မြင်စွာဆောင်ရွက်ပေးစေလိုမှု၊ သောက်သုံးရေ အခက်အခဲရှိမှု၊ မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လာသည့်အတွက် ကုန်တင်ကားကြီးရပ်နားဝင်းကို အမြန်ဆုံးဖော်ဆောင်ပေးစေလိုမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များ၊ ရေနံလုပ်ငန်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို ဥပဒေနှင့်အညီဆောင်ရွက် ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို အသီးသီးတင်ပြ ဆွေးနွေးကြသည်။  

တင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဖြည့်စွက်ဆွေးနွေး

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ၁၃ ခရိုင်စိမ်းလန်းစိုပြေရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ချောက်မြို့နယ်နှင့်ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံများအနေဖြင့် မိမိတို့၏အိမ်ခြံဝန်းအတွင်းနှင့် ပတ် ဝန်းကျင်များတွင်လည်း သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊ ဧရာဝတီမြစ်ရေတင် စီမံ ကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတစ်ဝန်း သစ်ပင်သစ်တောများစိုက်ပျိုးရန် လျာထားလျက်ရှိမှုနှင့် ကျေးရွာတစ်ရွာ လျင် သစ်တောစိုက်ခင်း အနည်းဆုံး ၂ ဧက စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ အပူပိုင်းဇုန်ဒေသ များတွင် သစ်ပင်စိုက်ပျိုးရာ၌ ဒေသနှင့် ကိုက်ညီသည့်သစ်ပင်မျိုးများကို စိုက်ပျိုးရန်နှင့် ပျိုးပင်များအား ဒေသ၏ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင်လေ့ကျင့် ပျိုးထောင်၍စိုက်ပျိုးမည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန် ကြီးဌာနများမှ ဝန်ထမ်းများက နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပေးသွားမည်ဖြစ်မှု၊  အပူပိုင်းဇုန်ဒေသများအား သဲကန္တရဒေသအဖြစ်သို့ မရောက်ရှိစေရေး အပူပိုင်းဇုန်ဒေသ စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု၊ ချောက်ခရိုင်သည် ဆီထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်အောင် ထုတ်လုပ်နိုင်ပြီး MSME လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်သည် အခြေအနေကောင်းများကို ပိုင်ဆိုင် ထားရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေးပြောကြားသည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်တိုးမြှင့်ရေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး စီးပွားရေးအရ အောင်မြင်ရန်အတွက် အခြေခံ လို အပ်ချက်မှာပညာရည်မြင့်မားရေးပင်ဖြစ်ကြောင်း၊ ချောက်ဒေသအတွင်း၌ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ဒေသထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်အဓိကလို အပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးပင်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကိုကောင်းမွန်စွာ ပြုပြင်ရေး၊ အောင်ရေကောင်းမွန်စွာရရှိရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ချောက်ဒေသအတွင်း၌ ယာစိုက်ပျိုးမှုပိုမိုများပြား သည်ကို တွေ့ရှိရသဖြင့် မြေပြုပြင်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများကို နိုင်ငံအတွင်း ထုတ်လုပ် လျက်ရှိသကဲ့သို့ ပြည်ပမှလည်း တင်သွင်းပေးလျက်ရှိကြောင်း၊ အလားတူ မြေဆွေး၊ မြေ ဩဇာများနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကိုလည်း သဘာဝ မြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သဖြင့် အကျိုးရှိရှိဆောင်ရွက်ကြစေလိုကြောင်း။

မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသအတွင်း စားရေးကိုတိုက်ရိုက် အထောက်အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းစားသုံးမှုမှပိုလျှံလာသည့် အသား၊ ငါး၊ ဥများကို ဘုရားဖူးဧည့်သည် အများ အပြားလာရောက်သည့် ပုဂံဒေသ အပါအဝင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချနိုင် မည်ဖြစ်သဖြင့် ဒေသ၏လူမှုစီးပွားဘဝသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုးတက်လိုသည့်စိတ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဒေသမှ ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

ပညာရေးကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်ဒေသတစ်ခုဖြစ်စေရေး

ချောက်နယ်မြေသည် ရေနံထုတ်လုပ်မှုမှ စက်မှုအခြေခံကောင်းခဲ့သည့်ဒေသတစ်ခု ဖြစ်ခဲ့ပြီး အစဉ်အလာကောင်းရှိသည့် ဒေသဖြစ်သဖြင့် လက်ရှိအချိန်တွင်လည်း MSME စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ MSME လုပ်ငန်း များအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်အသိပညာအတတ်ပညာများ ပေါကြွယ်ဝ သည့် လူသားအရင်းအမြစ်ကောင်းများလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသ အတွင်းပညာရည်မြင့်မားရေးအတွက်ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုပြီး ချောက် ခရိုင်သည် ပညာရေးနှင့်ပတ်သက်၍ အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏အများစုမှာ မူလတန်းပညာကိုသာ တတ်မြောက်ကြသူများဖြစ်သဖြင့် ပညာ တတ်များ ပေါကြွယ်ဝလာအောင်ဆောင်ရွက်ပေးမှသာလျင် ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ချောက်ဒေသတွင် ရှိပြီးသားဖြစ် သည့် ပညာရေးနှင့်ပတ်သက်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း။

ပညာရေးကိုကောင်းစွာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝသည့် အစားအသောက်များနှင့် နေထိုင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အသိပညာများရှိမှသာ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများကိုသိရှိနိုင်မည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုအနေဖြင့် စနစ်တကျနေထိုင်လုပ်ကိုင်ဆောင်ရွက်နေရန်လိုပြီး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။

အပူပိုင်းဇုန်ဒေသများ၌ အပူရှောင်အဆောက်အဦများဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

ရာသီဥတုနှင့်ပတ်သက်၍ ချောက်မြို့နယ်သည် ရာသီဥတုပူပြင်းသည့် ဒေသဖြစ် ကြောင်း၊ ရာသီဥတုပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး ကောင်းမွန်မှုမရှိသူများအတွက် အပူရှောင်ခိုနားနိုင်မည့် အဆောက်အဦကြီးများ တည် ဆောက်နိုင်ရန်လိုကြောင်း၊ ဥပမာအားဖြင့် အတွင်းလှိုဏ်ပါသည့် ဘုရားစေတီများနှင့် ဂန္ဓကုဋိတိုက်များကို တည်ထားဆောင်ရွက်မည်ဆိုပါက  ဘုရားရိပ်တရားရိပ်အောက် တွင် အပူဒဏ်ကိုရှောင်နိုင်မည်ဖြစ်ပြီး ကုသိုလ်လည်းရရှိနိုင်မည်ဖြစ်သကဲ့သို့ ဒေသ၏ အထိမ်းအမှတ်ဘာသာရေးအဆောက်အဦများလည်း ဖြစ်လာနိုင်မည်ဖြစ်သဖြင့် စဉ်း စားဆောင်ရွက်သင့်ကြောင်း၊ ထို့ကြောင့် အပူပိုင်းဇုန်ဒေသများ၌ လူဦးရေအများအပြား ဝင်ဆန့်ခိုနားနိုင်မည့် အတွင်းလှိုဏ်ပါရွှေတိဂုံစေတီတော်ပုံတူစေတီ၊ စွယ်တော် စေတီတော်ပုံတူစေတီတို့ကို တာဝန်ရှိသူများ၊ အလှူရှင်များစုပေါင်း၍ တည်ထား ကိုးကွယ်နိုင်ရေး စဉ်းစားနိုင်ကြောင်းဖြင့်‌ ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများအတွက် စားသောက် ဖွယ်ရာများကိုပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။