၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ နှစ်ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့်တတိယလုပွဲဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ နှစ်ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့်တတိယလုပွဲဆက်လက်ကျင်းပ

နေပြည်တော်  မေ  ၂၅

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ    အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊   မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပသည်။

ယနေ့  ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား) နှစ်ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လု ပွဲ ပြိုင်ပွဲပွဲစဉ်များအဖြစ်  စစ်ကိုင်းတိုင်းဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊  မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ   အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ပဲခူးတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို  နှစ်ပွဲ  တစ်ပွဲဖြင့်လည်း ကောင်း  အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး အမျိုးသားနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီး နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်း ဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တတိယ လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ရခိုင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် မေလ ၂၆ ရက် (ယနေ့) နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)သုံးယောက်တွဲအဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို  “အခမဲ့” လာရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)