အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်၊ လူမှုရေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁၆)ရပ်ကွက် ပြည်သာယာ ဓမ္မာရုံ၌  ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်    နိုင်ငံသားစိစစ်ရေး ကတ်များ  ပြုလုပ်ပေးခြင်းကို  မေလ ၂၃  ရက် က တာဝန်ရှိသူများ ကွင်းဆင်းဆောင် ရွက်ပေးကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနဦးစီးမှူး   ဒေါ်စောသန္တာလင်းနှင့် ဝန်ထမ်းများက အမှတ်(၁၆)  ရပ်ကွက် အတွင်းရှိ  အသက် ၁၆ နှစ်နှင့် ၁၈ နှစ် ကြား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ရာတွင် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား နိုင်ငံသား စိစစ်ရေးကတ် ၁၁  ခုနှင့်  အိမ်ထောင်စုလူဦးရေစာရင်းရှစ်ခု ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။               

 မြို့နယ်(ပြန်/ဆက်)