နေပြည်တော်အတွင်း အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်အတွင်း အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ  ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ  တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာ   ပညာသင်ကြားနိုင်ရေးအတွက် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာများမှ  ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ၊ ဆရာမများ က ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်ကြားမည့် ကျောင်းဆောင်များနှင့် ကျောင်းအပ်လက်ခံနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် အခြေခံပညာ   အထက်တန်းကျောင်း(ပြည်စံအောင်)သို့ရောက်ရှိပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ် များကို ပေးအပ်လှူဒါန်းကာ အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် လက်ခံနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန် စေရေး၊ ကျောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအုပ်စု ပညာရောင်ခြည်စာကြည့်တိုက် မအူတောကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာရှိ စာပေဥယျာဉ် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ခင်းကျင်းထားမှု အခြေအနေများကို ကြည့်ရှုအားပေး၍ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ စိုက်ပျိုး စီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများတိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြား၍ တောင်သူများကို ဆီထွက်သီးနှံ နေကြာမျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ ဓာတ်မြေသြဇာ များကို ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ လေဆိပ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လေဆိပ်အတွင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး   လိုအပ်သည်များကို မှာကြားသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရာဇသင်္ဂဟလမ်းမကြီး တစ်လျှောက် စိမ်းလန်းစိုပြည်ရေးအတွက် လမ်းလယ်ကျွန်းများရှိ စိုက်ပျိုးထားသည့် သစ်ပင်များ သာယာလှပရေး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာရှိ သစ်ပင်များအား စိမ်းလန်းစိုပြည်ရေး၊ ပန်းအလှပင်များ ဖြည့်ဆည်းစိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များ ကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်း တည်ထား ကိုးကွယ် လျက်ရှိသည့် ရန်အောင်ချမ်းသာဘုရားကြီးအနီးတွင် ယာယီသီတင်းသုံးနေသည့် ရန်အောင်ချမ်းသာ ဘုရားကြီး သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီးကျေးရွာအုပ်စု ပန်းတင်ကျေးရွာတွင် ကျေးရွာ စာကြည့် တိုက်ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံ ဆောက်လုပ်ရာ တွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည် စီမံချက်များချမှတ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။    

ထွန်းထွန်းဝင်း(ပြန်/ဆက်)