ဘာစီလိုနာအသင်းက နည်းပြဇာဗီကိုထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကိုခန့်အပ်ရန် သဘောတူညီမှုရရှိထား

ဘာစီလိုနာအသင်းက နည်းပြဇာဗီကိုထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကိုခန့်အပ်ရန် သဘောတူညီမှုရရှိထား

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းက နည်းပြဇာဗီကို ရာထူးမှ ထုတ်ပယ်ကြောင်း အတည်ပြုကြေညာပြီးနောက် နာရီပိုင်းအကြာတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျာမနီအသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ကိုခန့်အပ် ရန်သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

အသက် ၄၄ နှစ်အရွယ် နည်းပြဇာဗီသည်  ၂၀၂၁ ခုနှစ်က ကာတာကလပ် အယ်ဆက်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် ဘာစီလိုနာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းနှင့်  ပထမဆုံး ဘောလုံးရာသီတွင် စပိန်လာလီဂါဖလားဆွတ်ခူး ပေးနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီအကုန်တွင်     ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် ဆုဖလားအားလုံး လက်လွှတ်ခဲ့ရပြီး    ဆုဖလားလက်မဲ့ရာသီတွေ့ကြုံ ရပြီးနောက် နည်းပြဇာဗီကိုယ်တိုင်က  အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသော်လည်း   ရာသီအကုန်တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းကလည်း နည်းပြသစ်ရှာဖွေရန် အခက်အခဲများကြောင့် အစောပိုင်းတွင် နည်းပြဇာဗီ က ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးမှသာ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သော်လည်း အသင်းဥက္ကဋ္ဌလာပေါ်တာနှင့် ထပ်မံ ဆွေးနွေးပြီးနောက်  ထွက်ခွာရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

အသက်  ၅၉  နှစ်အရွယ် ဟန်ဆီဖလစ်သည် ၂၀၁၉ ခုနှစ်မှ  ၂၀၂၁  ခုနှစ်အထိ  ဘိုင်ယန်မြူးနစ် အသင်းကို  တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ဆုဖလား များစွာဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သော်လည်း  ၂၀၂၁ ခုနှစ်က ဂျာမနီအသင်းကို တာဝန်ယူကိုင်တွယ် ရာတွင်  အောင်မြင်မှုမရရှိခဲ့သည့်အတွက်  ၂၀၂၃ ခုနှစ်  စက်တင်ဘာလက ဂျာမနီအသင်းနှင့်လမ်းခွဲပြီးနောက်   အသင်းလက်မဲ့ဖြစ်နေရာမှ   ဘာစီလိုနာ အသင်း နည်းပြ သစ်အဖြစ် ခန့်အပ်ရန်သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက နည်းပြသစ်အဖြစ် ဟန်ဆီ ဖလစ်ကို ၂၀၂၆ ခုနှစ်အထိ အသင်းတွင်ရှိစေမည့် စာချုပ်တစ်ရပ်ဖြင့် ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။                  

Ref;The Athletic