တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၂၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Hydraulic Suzhu Plane Cutting Machine လုပ်ငန်းသုံး ဖြတ်စက် (၂)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၂၃ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ကျိုင်းတုံမြို့နယ်၊  မြို့ရှောင် လမ်း၊ ကျိုင်းဖောင်းရွာအနီး၌   ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး ပေါ်မှတရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Yum Yum ခေါက်ဆွဲခြောက်(၂၁၀၀၀)ထုပ်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Condor (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၉၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးနှင့် မြိတ်မြို့မှ  ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်း  အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် နယူးဇီလန်နိုင်ငံထုတ် Open Country နို့မှုန့် (၂၅) ကီလိုဂရမ်ပါ (၂၀)အိတ်၊ ထိုင်းနိုင်ငံထုတ် Honda PCK ၁၆၀ မော်တော်ဆိုင်ကယ်(၂)စီး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Starex (၁)စီးနှင့် Higher Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း များ အရလည်းကောင်း၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်သစ်မာ (၂၁ ဒသမ ၁၂၂) တန်၊ အခြားသစ် (၂ ဒသမ ၇၈၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၇၆၇၃၀) ကို သစ်တော ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၈၇၆၇၃၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာမွေမြို့နယ်၊ အမှတ်(၃) လမ်းမအနီး၌ လိုင်စင်မဲ့ Toyota Alphard မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းအနီး၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်း ကောင်း၊ သန်လျင် မြို့နယ်၊ မြို့မ(၂)နယ်မြေ၌ တရားမဝင် အခြားသစ် (သုည ဒသမ ၉၄၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၃၀၀)ကို  သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၆၄၁၃၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၇၄၀၁၈၀၃၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။                  

(သတင်းစဉ်)