ရမည်းသင်းနှင့် လှိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရမည်းသင်းနှင့် လှိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၃ ရက် ညနေ ၄ နာရီတွင် ရမည်းသင်းမြို့နယ် ရွှေမြင်တင်ကျေးရွာ အနီးတွင် ငြိမ်းချမ်းအောင်(ခ) ဘုတ်စိ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီ မိနစ် ၂၀တွင်  ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင်  ရမည်းသင်းမြို့နယ်အင်တိုင်းကျေးရွာရှိ   စည်သူအောင် (ခ)ချစ်ဖူး၏  နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း၊ မေလ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျသိန္ဒိ(၃)လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မျိုးမင်းထွန်း(ခ)ဟာမစ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့်  ၎င်းတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကို   ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။      

(ရဲပြန်ကြား)