အစ္စရေး ဆေးရုံတစ်ရုံက တံတွေးဖြင့် ကိုရိုနာဗိုင်းရပ် အမြန်ဆုံး စစ်ဆေးနိုင်သည့် ကိရိယာကိုစမ်းသပ်

အစ္စရေးနိုင်ငံရှိ    ဆေးရုံတစ်ရုံသည် တံတွေးကို အသုံးပြုပြီး  ကိုရိုနာဗိုင်းရပ်ရှိ၊ မရှိကို အမြန်ဆုံးစစ်ဆေးနိုင်သည့် ကိရိယာ ကိုစမ်းသပ်နေကြောင်း   အစ္စရေးဆေးဝါးဗဟိုဌာနက သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

စမ်းသပ်မှုခံယူသူများအနေဖြင့် ဆားရည်ကို ပါးစပ်အတွင်းထည့်၍ ပလုတ်ကျင်းကာ ဖန်ပုလင်းငယ်ထဲသို့  ထွေးထုတ်ပေးရမည် ဖြစ်သည်။

ထို့နောက် အဆိုပါ ဖန်ပုလင်းငယ်ကို အလင်းရောင်ပေးစမ်းသပ်သည့် ကိရိယာအောက်တွင် ထားခြင်းဖြင့် ဗိုင်းရပ် ကူးစက် ခံထားရခြင်းရှိ၊ မရှိကို စက္ကန့်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်ခြင်း ဖြစ်သည်။

အဆိုပါ နည်းလမ်းသည် သမားရိုးကျဗိုင်းရပ်စစ်ဆေးသည့် နည်းလမ်းဖြစ်သော PCR   နည်းလမ်းထက် ပိုမိုမြန်ဆန်ကာ ဗိုင်းရပ်ကူးစက်ခံရသူများကို   အမြန်ဆုံးရှာတွေ့နိုင်မည် ဖြစ်ကြောင်းနှင့် ၉၅ ရာခိုင်နှုန်းအထိ တိကျမှုရှိကြောင်း သုတေသနခေါင်းဆောင် အယ်လီရွှာ့က ပြောသည်။

ထို့ပြင် အဆိုပါ ကိရိယာဖြင့် စမ်းသပ်ပြီးနောက် ဗိုင်းရပ်တွေ့ရှိသူများကို PCR  နည်းဖြင့် ထပ်မံစစ်ဆေးပါက  ပိုမိုတိကျသည့် အဖြေကိုရရှိမည်ဖြစ်ကြောင်း   ၎င်းကဆက်ပြောသည်။

အဆိုပါ ကိရိယာကို နယူးဆိုက်ကုမ္ပဏီက အကုန်အကျခံ တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး  စမ်းသပ်ကိရိယာတစ်ခုကို  အမေရိကန်ဒေါ်လာ ၂၅ ဆင့်သာ ကျသင့်မည်ဖြစ်ကြောင်းနှင့် ဗိုင်းရပ်စစ်ဆေးပေးသည့် စက်မှာမူ ဒေါ်လာ ၂၀၀ မျှသာကျသင့်မည် ဖြစ်ကြောင်း  ထိုကုမ္ပဏီက  ခန့်မှန်းထားသည်။

Ref: The Straits Times