တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်  တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များ ထံမှ ဩဝါဒခံယူပူဇော်ပွဲ

 

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်  တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များ ထံမှ ဩဝါဒခံယူပူဇော်ပွဲ

နေပြည်တော်၊ ၂၀၂၄ မေ ၂၆

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ် တော်တို့အား ချီးကျူးဂုဏ်ပြု ပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ် များ ထံမှ ဩဝါဒခံယူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋကကမ္ဘောဇကျောင်းတိုက်၌ ပြုလုပ်ရာ တိပိဋက မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင် များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်မျာအား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ညနေပိုင်းတွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကောဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော် ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကို  အရှေ့တောင်တိုင်း စစ်ဌာနချုပ် သိန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊  စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိပိဋက ကမ္ဘောဇကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှဝေပေးခဲ့ကြောင်း သတင်းရရှိသည်။