တရားမဝင် စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ  ထိရောက်စွာတားဆီး အရေးယူနိုင် ရေးဆောင်ရွက်လျက်ရှိရာ မေလ ၂၄ ရက်တွင်အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Dextrose Monohydrate D-Glucose  အမှုန့်ကီလိုဂရမ် (၅၀၀) Textile Emulsion ကီလိုဂရမ် (၁၀၀၀၀)နှင့် ယာဉ်အပိုပစ္စည်း  MBG Universal Joint  (၂၆၄၃၅) ကီလိုဂရမ်အပါအဝင် ကုန် ပစ္စည်း(၂)မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၅၇၉၉၀) ကို လည်းကောင်း၊ သီလဝါ ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ  သွင်းကုန် ကြေညာ လွှာတွင် ကြေညာထားခြင်း  မရှိသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်လုပ်ငန်း သုံးပစ္စည်း Switch &Socket အခု(၂၉၀၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၁၅၇၉၉၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေလ ၂၄ ရက်တွင် ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မြစ်ကြီးနား မြို့သို့ မောင်းနှင်လာသော ဆီသယ်ယာဉ်  (၁)စီး ပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၅၄၀၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Tractor Head  (၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) ကို လည်းကောင်း၊ မေလ ၂၅ ရက်တွင် ရွှေကျင်စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ အင်းတော်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၂)စီးပေါ်မှတရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် (၄၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၄၂၈၀၀၀)နှင့် အဆိုပါစက်သုံး ဆီများတင်ဆောင်လာသည့် Nissan Diesel Truck   (၁)စီးနှင့် စက်မှုဇုန်ထုတ် Shwe Chan Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၄၉၆၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၁၂၅၉၉၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။