​​​​​​​အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမဲ(လ်)”(REMAL) ၏အရှိန်ကြောင့်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်မြေပြိုခြင်းဖြစ်ပေါ်နိုင်

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမဲ(လ်)”(REMAL) ၏အရှိန်ကြောင့်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်မြေပြိုခြင်းဖြစ်ပေါ်နိုင်

နေပြည်တော် မေ ၂၆

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမဲ(လ်)”(REMAL) အခြေအနေ ယနေ့ည ၉ နာရီခွဲအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည်  မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ ပြီး မြန်မာနိုင်ငံမောင်တောမြို့ (Maungtaw)၏အနောက်- အနောက်မြောက်ဘက် ရေ မိုင် ၁၈၀ မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့ (Khepupara) ၏ အနောက်တောင် ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ မွန်ဂလမြို့ (Mongla)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း (Sagar Island) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ဒီဂါမြို့(Digha)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်  ၉၅ မိုင်ခန့်နှင့် ကန်နင်းမြို့ (Canning)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမဲ(လ်)”(REMAL) ၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ရီမဲ(လ်)”(REMAL)၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါအားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “ရီမဲ(လ်)”(REMAL)သည် ယနေ့ည ၉ နာရီခွဲအချိန်တွင် မြောက်လတ္တီတွဒ် ၂၁ ဒသမ ၄ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၉ ဒသမ ၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၇၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင် ၇၀ နှုန်းခန့် ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ရီမဲ(လ်)”(REMAL) သည် မြောက်ဘက်သို့ဆက်လက်ရွေ့လျား နိုင်ပြီး မုန်တိုင်း၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေဒေသများကို စတင်ဖြတ် ကျော်လျက်ရှိပါသည်။ မုန်တိုင်း၏ဗဟိုချက်သည်

ညသန်းခေါင်ယံအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့နှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့ အကြား ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမဲ(လ်)”(REMAL) ၏အရှိန် ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင်  နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍မိုးကြီးခြင်း များနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း များဖြစ်ပေါ်နိုင်ပါသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။  

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ  ၁၃ ပေမှ ၁၆ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမဲ(လ်)”(REMAL) ၏အရှိန် ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်  နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြို တင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ