အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြော

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြော

ကျိုက်လတ်၊ အသိပညာပေး

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးဟောပြော ပွဲကို မေလ ၂၅ ရက်က ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် သာယာဝဲကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်း ရေးမှူး ရဲမှူးထွန်းဦးက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လူမှောင်ခို၊ လူကုန်ကူးမှု ဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာက အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးဝင်း မြင့်အောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း အသိပညာပေးရှင်းလင်း ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

အဆိုပါဟောပြောပွဲသို့ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်း အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့် အဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
လှိုင်မင်းအောင်