တတိယကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အကြီးအကဲ၏စကားကို အီတလီ ပြင်းပြင်းထန်ထန်ဝေဖန်

တတိယကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အကြီးအကဲ၏စကားကို အီတလီ ပြင်းပြင်းထန်ထန်ဝေဖန်
 

တတိယကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အတွင်းရေးမှူးချုပ်  ယန်စတို တန်ဘာ့၏စကားကို အီတလီအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်လိုက် ကြောင်း သိရသည်။

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့ ပေးရာတွင် ထိုလက်နက်များဖြင့် ရုရှား နိုင်ငံအတွင်းမတိုက်ခိုက်ရဟူသောကန့်သတ် ချက်ကို ရုပ်သိမ်းပေးသင့်ကြောင်း NATO အတွင်းရေးမှူးချုပ်က ပြောထားခြင်းဖြစ် သည်။

အီတလီအနေဖြင့် ယူကရိန်းနိုင်ငံသို့စစ်သည် တစ်ဦးတလေသော်မျှ စေလွှတ်သွား မည်မဟုတ်ကြောင်းနှင့် ယူကရိန်းသို့ထောက်ပံ့ပေးသော စစ်လက်နက်ပစ္စည်းများ ကိုလည်း  ယင်းနိုင်ငံအတွင်း၌သာ အသုံးပြုသင့်ကြောင်း အီတလီနိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယိုတာဂျာနီကပြောသည်။

ထို့ပြင် အီတလီနိုင်ငံသည် ငြိမ်းချမ်းရေးအတွက်သာ အမြဲတမ်းအလုပ်လုပ်မည်ဖြစ် ကြောင်းနှင့် လေသံတင်းမာမှုကိုလည်းလျှော့ချမည်ဖြစ်ကြောင်း၊ အီတလီက NATO အဖွဲ့ဝင်ဖြစ်သည့်တိုင်အောင် ဆုံးဖြတ်ချက်မှန်သမျှကို စုပေါင်းသဘောတူမှု ဖြင့်သာ ချမှတ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ အီတလီဒုတိယဝန်ကြီးချုပ်ကလည်း တတိယကမ္ဘာစစ်နှင့် ပတ်သက် ၍မည်သူမျှစကားဦးမသန်းသင့်ကြောင်း ပြောထားသည်။

အီတလီနိုင်ငံက မည်သည့်နိုင်ငံနှင့်မျှစစ်ဖြစ်နေသည့်နိုင်ငံမဟုတ်ကြောင်း၊ ယူကရိန်း သို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရမည့်အခွင့်အရေးရှိသော်လည်း ထိုလက် နက်များဖြင့် ရုရှားနိုင်ငံအတွင်းသို့တိုက်ခိုက်မှုမရှိစေရေးပိတ်ပင်မှုကို ဖြေလျှော့ ပေးသင့်သည်ဆိုခြင်းမှာမပြောသင့်သည့်စကားပင်ဖြစ်ကြောင်း ၎င်းက ဆက်ပြော ထားသည်။

အနောက်နိုင်ငံများက ယူကရိန်းသို့ တာဝေးပစ်လက်နက်များပင် ထောက်ပံ့ပေး ထားပြီး ထိုလက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့တိုက်ခိုက်ခွင့်ပေးရန် ဗြွှဥ အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က အစောပိုင်းတွင်တိုက်တွန်းထား ခြင်းဖြစ် သည်။

တစ်ချိန်တည်းမှာပင် ဆွစ်ဇာလန်နိုင်ငံ၌ကျင်းပသည့် ယူကရိန်းအရေးငြိမ်းချမ်းရေး ညီလာခံဟူသော အခမ်းအနားကိုတက်ရောက်သူများအနေဖြင့် ယန်စတိုတန်ဘာ့၏ ပြောစကားများကို သတိပြုသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိ  မာရီယာဇာခါရိုဗာကပြောသည်။