​​​​​​​ပါပူအာနယူးဂီနီ၌ မြေပြိုမှုအတွင်း သေဆုံးသူ ၆၇၀ ကျော်အထိရှိမည်

ပါပူအာနယူးဂီနီ၌ မြေပြိုမှုအတွင်း သေဆုံးသူ ၆၇၀ ကျော်အထိရှိမည်

|
ပါပူအာနယူးဂီနီနိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားသောမြေပြိုမှုအတွင်း သေဆုံးသူ အရေအတွက်သည် ၆၇၀ ကျော်အထိရှိမည်ဟုခန့်မှန်းရကြောင်း အပြည်ပြည် ဆိုင် ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေလ ၂၆ ရက်တွင်  ပြောသည်။

ထို့ပြင် မြေပြိုမှုကြောင့်ဖြစ်ပေါ်မည့်သက်ရောက်မှုအခြေအနေသည် မူလခန့်မှန်း ထားသည်ထက် ပိုမိုပြင်းထန်ကြောင်း အဆိုပါအဖွဲ့မှ ဌာနေအကြီးအကဲ ဆာဟန် အက်တိုပရက်ကပြောသည်။

မြေပြိုမှုသည် အနက် ၆ မီတာမှ ၈ မီတာအထိရှိကြောင်း၊ ထိုမြေပြိုမှုအတွင်း နေအိမ်အလုံး ၁၅၀ ကျော်မှာ မြေကြီး အောက်ရောက်သွားကြောင်းနှင့် လူ ၆၇၀ ကျော်သေဆုံးနိုင်ကြောင်း ၎င်းကပြောသည်။

အလားတူ အန်ဂါပြည်နယ်ရှိ မြေပြိုမှုဖြစ်ပွားရာနေရာ ပတ်ဝန်းကျင်ဒေသများသည် အန္တရာယ်ရှိသည့်အဆင့်မှာပင်ရှိသေးကြောင်း၊ ကျောက်တုံးကျောက်ခဲများ ဆက်လက်ကျ ဆင်းလျက်ရှိပြီး မြေပြိုမှုများ လည်းဆက်လက် ဖြစ်ပွားနေသော ကြောင့် အသက်ရှင်ကျန်ရစ်သူ ၁၂၅၀ ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးရသည်။

အဆိုပါမြေပြိုမှုသည် မေလ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်တွင်ပေါ့မော်ရက်စဘီမြို့တော်၏ အနောက် မြောက်ဘက် ကီလိုမီတာ ၆၀၀ ရှိ ဝေးလံခေါင်ဖျားဒေသ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။